သဘာဝဘေးအန္တရာယ်ကာကွယ်ခြင်း - ဂျပန်အစိုးရ၏အစိုးရအဖွဲ့ | QR Translator

နိုင်ငံခြားသားများအတွက် ဘေးအန္တရာယ်လျော့ပါးစေရေး သတိပြုရန်အချက်များ

ဂျပန်နိုင်ငံ၏ သဘာ၀ဘေးအန္တရာယ်များအကြောင်း သိရှိနားလည်ထားပါစို့

ဂျပန်နိုင်ငံသည် သဘာ၀ဘေးအန္တရာယ်(ငလျင်၊ဆူနာမီ၊တိုင်ဖုန်းမုန်တိုင်း၊မိုးသည်းထန်စွာရွာသွန်းခြင်း စသည်)အလွန်များသောနိုင်ငံဖြစ်ပါသည်။ ဇွန်လ-အောက်တိုဘာလပိုင်းများ၌ တိုင်ဖုန်းမုန်တိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ များပြားလာတတ်ပါသည်။ ကြီးမားသောဘေးအန္တရာယ် ပေါ်ပေါက်လာပါက နေ့စဥ်လူနေမှုဘ၀များ ပုံမှန်လည်ပတ်နိုင်မှုမရှိခြင်း စသည့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။

ကြိုတင်၍ ပြင်ဆင်ထားကြပါစို့

ထိခိုက်ပျက်စီးမှုများအား တတ်နိုင်သမျှ အနည်းဆုံး လျှော့ချနိုင်ရန် ကြိုတင်၍ ပြင်ဆင်ထားပါ။

မိမိကိုယ်တိုင်ပြုလုပ်နိုင်သည့် ကြိုတင်ပြင်ဆင်မှု

ပရိဘောဂပစ္စည်းများ လဲပြိုကျခြင်းမရှိရန် ကာကွယ်ခြင်း

အရေးပေါ်အခြေအနေ၌ ယူဆောင်သွားရမည့် အထုပ်အပိုးအား ကြိုတင်ပြင်ဆင်ထားခြင်း

ရေနှင့်အစားအစာအား ကြိုတင်သိုလှောင်ထားခြင်း။

စသည်ဖြင့်

ပတ်၀န်းကျင်ဒေသအတွင်း ပြုလုပ်ထားရမည့် ကြိုတင်ပြင်ဆင်မှု

မိမိနှင့် ပတ်၀န်းကျင်ဒေသအကြားမှ ပေါင်းသင်းဆက်ဆံရေးသည် ဘေးအန္တရာယ်ကျရောက်ချိန်၌ ထိရောက်သော အကူအညီတစ်ခု ဖြစ်စေနိုင်ပါသည်။ မိမိနေထိုင်ရာဒေသအတွင်း ပြုလုပ်သော ဘေးအန္တရာယ်ကာကွယ်ရေးလေ့ကျင့်မှုများ၊ ပရဟိတလုပ်ငန်းစဥ်များ၌ တက်ကြွစွာ ပူးပေါင်းပါ၀င်ပါ။

ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာအတည်ပြုပါ။

ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များ ရယူနိုင်ရန် အသုံး၀င်သော အက်ပလီကေးရှင်းများနှင့် ၀က်ဘ်ဆိုက်များရှိပါသည်။ စမတ်ဖုန်းစသည့်တို့၌ ကြိုတင်စာရင်းသွင်းထားပါ။

http://www.bousai.go.jp/kokusai/web/img/14_bousai_guidebook_Web_MM.pdf

အထူးသဖြင့် တိုင်ဖုန်းမုန်တိုင်းကျရောက်ခြင်းရှိမရှိကို ကြိုတင်ခန့်မှန်းသိရှိနိုင်ပါသည်။

ဒေသတွင်းအစိုးရဌာနစသည်တို့၌ သက်ဆိုင်ရာဘာသာစကားများအပေါ်မူတည်၍ သတင်းအချက်အလက်ထုတ်ပြန်ခြင်းနည်းလမ်းများအား ပြင်ဆင်ချိန်ညှိထားခြင်းများ ရှိတတ်ပါသည်။ ကြိုတင်အတည်ပြုထားပါ။

မိမိအိမ်အနီးအနားရှိ ခိုလှုံရန်နေရာစသည်တို့အား အမြဲလိုလို အတည်ပြုထားပါ။

ဘေးကင်းလုံခြုံစွာ ခိုလှုံပါ။

ယေဘုယျစည်းမျဉ်းအရသဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင်အန္တရာယ်ရှိသောနေရာ၌ရှိနေသောသူများသည်လုံခြုံသောနေရာသို့ပြောင်းရွှေ့သင့်သည်။ ပုံမှန်အားဖြင့်မူလတန်းနှင့်အငယ်တန်းအထက်တန်းကျောင်းများရှိပြည်သူ့အဆောက်အအုံများကိုကယ်ဆယ်ရေးစင်တာများအဖြစ်သတ်မှတ်သည်။


ကိုရိုနာရောဂါ မထိန်းချုပ်နိုင်သေးသည့် လက်ရှိအခြေအနေနှင့်လျော်ညီသည့် ခိုလှုံရေးသတိပြုစရာအချက်များနှင့် ခိုလှုံရေးလုပ်ဆောင်ရန်ဆုံးဖြတ်ချက်အသွားအလာများအား လေ့လာစစ်ဆေးထားပါ။

http://www.bousai.go.jp/kokusai/evacuation_points/pdf/point_my.pdf


ငလျင်၊ ဆူနာမီများ ဖြစ်ပေါ်လာပါက

ပင်လယ်ကမ်းခြေထိစပ်နေရာများတွင် ငလျင်လှုပ်ခတ်မှုကို ခံစားသိရှိခြင်း၊ ဆူနာမီသတိပေးချက်စသည်တို့အား ထုတ်ပြန်လာပါက ချက်ချင်းဆိုသလို မြင့်မားသောနေရာသို့ အမြန်သွားရောက် ခိုလှုံပါ။

မိုးသည်းထန်စွာရွာသွန်းခြင်း ဖြစ်ပေါ်ပါက

မြစ်၊ ကမ်းပါးစွန်များအနီးသို့ မသွားပါနှင့်။

ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် အသုံးပြုနိုင်သည့်စမတ်ဖုန်း အက်ပလီကေးရှင်းများ

Safety tips

ဂျပန်နိုင်ငံရှိ ဘေးအန္တရာယ်ဆိုင်ရာသတင်းအချက်အလက်များကို သိရှိရန် အသုံးဝင်သော အက်ပလီကေးရှင်းဖြစ်သည်။

《iOS》

https://itunes.apple.com/us/app/safety-tips/id858357174

《Android》

https://play.google.com/store/apps/details?id=jp.co.rcsc.safetyTips.android&hl=en

Japan Official Travel App

ဂျပန်နိုင်ငံသို့သွားရောက်လည်ပတ်ချိန်အတွက် အသုံးဝင်သောအက်ပလီကေးရှင်းဖြစ်သည်။ ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင်လည်း အသုံးပြုနိုင်သည်။

《iOS/Android》

https://www.jnto.go.jp/smartapp/chs/about.html

NHK WORLD-JAPAN

NHK သတင်းများကို ဖြန့်ဝေပေးလျက်ရှိသည်။ ငလျင်နှင့် ဆူနာမီ အရေးပေါ်သတင်းအချက်အလက်ကိုလည်း အကြောင်းကြားပါမည်။

《iOS》

https://itunes.apple.com/us/app/nhk-world-tv/id350732480?mt=8

《Android》

https://play.google.com/store/apps/details?id=jp.or.nhk.nhkworld.tv&hl=my

ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် အသုံးပြုနိုင်သည့်၀က်ဘ်ဆိုက်များ

ဂျပန်နိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ဘေးအန္တရာယ်ဆိုင်ရာသတင်းအချက်အလက်

https://www.data.jma.go.jp/multi/index.html?lang=mm

NHK WORLD-JAPAN

https://www3.nhk.or.jp/nhkworld/en/multilingual_links/

ထုတ်ဝေသူ - အစိုးရအဖွဲ့ရုံး
ကြီးကြပ်သူ၊ ပူးပေါင်းဆောင်ရွက်သူ - တရားရေး၀န်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ခရီးသွားလုပ်ငန်းဌာန၊ ဂျပန်နိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန (JMA)

* အက်ပလီကေးရှင်းနှင့်ဝက်ဘ်ဆိုက်များမှ သတင်းအချက်အလက်များသည်၂၀၂၁ ခုနှစ် မတ်လအကုန်အထိဖြစ်သည်။